၁။Adeanna Cooke

အဒီယာနာကွတ် ဆိုတဲ့တစ်ယောက်ပါ... အဲ့သြစရာကတော့ သူမဟာ ပုရိသအသည်းစွဲ ပလေးဘွိုင်းမဂ္ဂဇင်းကမော်ဒယ်တစ်င်္ဦးပါ။ခုလို ဟက်ကာ တစ်ဦးဖြစ်တယ်ဆိုတာကတော့ လူသိနည်းပါတယ်တဲ့။ ခုလိုဟက်ကာဖြစ်လာရတဲ့အကြောင်းကိုတီးခေါက်ကြည့်တော့ သူမဟာပလေးဘွိုင်းမှာ အဖော်အချွတ်ပုံတွေ ရိုက်ကူးပါတယ်။။ဒါကိုတစ်စုံတစ်ယောက်က အင်တာနက်မှာတင်ပြီး ငွေရှာခဲ့ပါတယ်။ဒါနဲ့ သူမဟာ ဆိုင်ဘာအာဏာပိုင်တွေကိုတိုင်ကြားမနေပဲ သူမကိုယ်တိုင် သူမကို နာမည်ပျက်စေတဲ့ ၀က်ဆိုဒ်ကို ဟက်လုပ်ပြီး သူမရဲ့ပုံတွေကိုပြန်ပြီးတော့ဖျက်ချခဲ့ပါတယ်။.. အဲဒီနောက်သူမဟာ သူမပုံကိုဗန်းပြပြီး နာမည်ပျက်စေတဲ့ ဆိုဒ်တွေအားလုံးကို လိုက်လုံး ဟက်ကာလုပ်ပြီးဖျက်ချပစ်ပါတယ်..ပြီးတော့သူမလိုမျိုး နာမည်အဖျက်ခံရတဲ့ကောင်မလေးတွေကိုလည်း ကူညီပေးလေ့ရှိပါတယ်အဲဒီလို မျိုးစွမ်းဆောင်နိုင်တာကြောင့် သူမကို Hacker Fairy လို့ အမည်တွင်စေပါတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးဟက်ကာ Hactivists လို့လည်းခေါ်ကြပါသေးတယ်။မည်သို့ပင်ဆိုစေ အမျိုးသမီးဟက်ကာတွေထဲမှာတော့ သူမဟာ စံပြပါပဲ။
၂။Anna Chapman
သူမကတော့ ရုရှားကစပိုင်မလေးပါ။ ဒါပေမယ့် သူမကို FBI ကထိန်းသိမ်းခဲ့ပါတယ် ..ဘာလို့လဲဆိုတော့ သူမဟာ Illegal Program ကွန်ယက်ကနေ ရုရှားအတွက် စပိုင်လုပ်ပေးခဲ့လို့ လို့ အမေရိကန်ကကြေပြာပါတယ်။ဒါပေမယ့် ရုရှား-အမေရိကန် အကျဉ်းသားလဲလှယ်ရေးအစီအစီမှာ သူမပြန်လည်လွှတ်မြောက်လာပါတယ်။အဲဒီနောက်မှာသူမဟာ လူသိများလာပါတယ် Youtube တို့ Facebook တို့မှာလည်း သူမရဲ့ပုံတွေ၊ဗီဒီယိုတွေပြန့်နှံ့လာပါတယ်။နောက်ဆုံးမှာတော့ သူမဟာ မော်ဒယ်တစ်ယောက်ဖြစ်သွားပြန်ပါတယ်.. ပြီးတော့သူမဟာ မကြာသေးမီက အမေရိကန်ကနေထွက်ပြေးလာတဲ့ စနိုဒန်ကို သူမနဲ့လက်ထပ်နိုင်မလားလို့ကမ်းလှမ်းခဲ့တာကြောင့် လူတွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရပါသေးတယ်။
3/Kristina Svechinskaya
သူမကလည်း ရုရှားဟက်ကာမလေးပါ။ငွေလွှဲဝန်ဆောင်မှုတွေကို ဥပဒေပြင်ပကနေ လွှဲပြောင်းပေးပို့ခဲ့ပါတယ်။သူမဟာ ဆွဲဆောင်မှုကောင်းသလို ဟက်ကာလောကမှာလည်းလူသိများပါတယ်သူမဟာ ဗြိတိန်နဲ့အမေရိကန် ဘဏ်တွေကလွှဲငွေတွေကို လိမ်လည်ထုတ်ယူတယ်လို့သတင်းကြီါးတယ်။သူမဟာ Trojan Horse ဗိုင်းရပ်တွေနဲ့မွှေ့လျော်သူပါ. ဒါတွေနဲ့ပဲတိုက်ခိုက်တတ်ပါတယ်။သူမကိုစွပ်စွဲမှုတွေအရ သူမဟာဘဏ်အကောင့်ငါးခုက ဒေါ်လာ သုံးသောင်းငါးထောင်ကျော်လောက်ကိုလိမ်လည်ယူပြီး အပေါင်းအပါတွေနဲ့ ဆို ဒေါ်လာ သုံးသန်းကျော်ခိုးယူခဲ့ပါတယ်တဲ့။
4/ Joanna Rutkowska
သူမကတော့ပိုလန်သူ အဖြူရောင်ဟက်ကာမတစ်ဦးပါ။ကွန်ပျူတာ သုတေသီတစ်ဦးဖြစ်ပြီး လုံခြုံရေးအားနည်းတဲ့ကွန်ပျူတာစနစ်တွေကို malware တွေနဲ့ထိုးဖောက်မှုတွေကြောင်းလူသိများလာပါတယ် ပြီးတော့သူမဟာ မိုက်ခရိုဆော့ရဲ့ Vista kernel ကိုထိုးဖာက်ပြခဲ့လို့ လည်းလူသိများလာတာပါ။သူမဟာ ပိုလန် မှာ Invisible things lab အမည်ရှိ လုံခြုံေ၇းလုပ်ငန်းတစ်ခုလုပ်ကိုင်လျှက်ရှိပါတယ်...လုံးခြုံရေးသမား တစ်ဖြစ်လဲ ဟက်ကာ တစ်ဦးဖြစ်နေတာကတော့ အခြားဟက်ကာသမားတွေအတွက်လူပြောများစရာဖြစ်နေပါတယ်ခင်ဗျာ။
၅။ Ying Cracker

တရုတ်မလေး ဖြစ်ပါတယ် ကျောင်းဆရာမလေးတစ်ယောက်ဖြစ်ပြီး အင်တာနက်သုံးစွဲသူတွေကို IP addressပြောင်းလဲနည်း၊ရုံးသုံးပက်စ်ဝပ် တွေဖယ်ရှားနည်း စတဲ့အခြေခံ ဟက်ကင်းတွေကို သင်ကြားနေပါတယ် Chinese Hottie Hacker ဆိုတဲ့ တရုတ် ဖိုရမ်တစ်ခုမှာ ပို့စ်တွေတင်ရင်းနဲ့ Cracker ဆိုတဲ့နာမည်ရတဲ့တာပါ။သူမှာဟာ ဟက်ကာဆော့ဝဲတွေကိုအခကြေးငွေနဲ့ေ၇းသားလျှက်ရှိပါတယ်။ဆော့ဝဲတွေကိုလည်း crack လုပ်ပေးပါတယ်..သူမမဖောက်နီုင်တဲ့ ဆော့ဝဲခပ်ရှားရှားလို့ဆိုကြပါတယ်။ ဥစ္စာပေါ ရုပ်ချော ဟက်ကာမလေးတစ်ယောက်ဖြစ်ပါတယ်
ကဲခု ငါးယောက်ထဲမှာ အချောဆုံးသဘောအကျဆုံးတစ်ယောက်ကိုရွေးပါဆိုရင် ရွေးရခက်မှာသေချာပါတယ်။ကျွန်တော်ကတော့ လှပတဲ့သူတို့ရဲ့ အသွင်သဏ္ဍာန်ထက် ထက်မြက်တဲ့သူတို့ရဲ့ စွမ်းရည်တွေကို အလွန် သဘောကျပါကြောင်း...။
World's Hottest Female Hackers ကိုပြန်ဆိုပါသည်။
No comments:
Post a Comment